ငြိမ်းချမ်းရာ..ယုံကြည်ရာ..ကိုးကွယ်ရာ..ဖြစ်သောကျွန်တော်တို့ရဲ့ဗုဒ္ဒဘာသာ..ကိုဘာသာဝင်တိုင်းသိစေချင်သောစိတ်ထားဖြင့် သိရှိ..တွေ့ရှိသလောက်တင်ပြအပ်ပါသည်။...စိုင်းလေး
Showing posts with label ယုံကြည်ကိုးကွယ်မှု. Show all posts
Showing posts with label ယုံကြည်ကိုးကွယ်မှု. Show all posts

Wednesday, October 24, 2012

ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှု၊ ဗေဒင်ယုံကြည်မှု


ခေါင်းစဉ်ဖတ်လိုက်တာနဲ့ အင်မတန်စိတ်ဝင်စားစရာကောင်းမဲ့ အကြောင်းအရာဆိုတာ စာဖတ်သူ ဓမ္မမိတ်ဆွေတို့ သိရှိမှာဖြစ်ပါတယ်။
 ဟုတ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တို့ နတ်ကိုးကွယ်ဆည်းကပ်ခြင်းသည် မှန်သလော မှားသလောမှာ ဆိုတာ တော်တော်များများ ဇဝေဇဝါဖြစ်နေသော မေးခွန်းဖြစ်ပါတယ်။ “ဘယ်နတ်မှ မကိုးကွယ်ဘူး။
အိမ်စောင့်နတ်လေးတော့ ကိုးကွယ်တယ်” ဆိုတာမျိုးတွေက အစ အားလုံးရှင်းလင်းအောင် တတ်နိုင်သမျှ ရှင်းလင်းပြသွားပါမယ်။
 ၃၁ ဘုံမှာ နတ်တို့ဟာ နတ်ပြည်ခြောက်ထပ်မှာ စံမြန်း (နေထိုင်) ပါတယ်။ ဒါတွေထားလိုက်ပါ။ (သေချာသိချင်တယ်ဆိုရင် ဘုံအကြောင်း သည်းသန်ရေးပါ့မယ်။) ဗုဒ္ဓဘာသာဝင်အများစု ကိုးကွယ်နေသော နတ်မျိုးပေါင်းစုံရှိပါတယ်။ ကိုကြီးကျော်၊ ရှင်ကြီး၊ရှင်လေးဆိုလား၊ ဘဲဥလက်နှစ်ဖက်ကိုင် နတ်မယ်။ မယ်ဝဏ္ဏ။ မဖဲပြာလား၊ ဝါလား။ နတ်စိမ်းလားဘာလား အမျိုးမျိုးအထွေထွေရှိပါတယ်။ ရေကြောက်သောနတ်၊ရေနိုင်သော နတ်၊ မီးကြောက်သောနတ်၊ မီးနိုင်သောနတ် စသည်ဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုးကိုးကွယ်နေတာ အင်မတန် စုံလင်လှပါတယ်။